ကလေးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြစ်သာမြစ် ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်

ကလေး  ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြစ်သာမြစ် ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်အိမ်ထောင်စုအား ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဌရုံးခန်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ဘေးသင့်အိမ်ထောင်စုအားထောက်ပံ့ရာတွင် ဆန်ရိက္ခာအတွက်ကျပ်ငွေ(၁၀၅၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းအတွက် ကျပ်ငွေ (၁၀၀၀၀၀)ကျပ် စုစုပေါင်း  (၁၁၀၅၀၀)ကျပ်အား ကလေးမြို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးကျုံးလျန်ထန်းနှင့်ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျစိုးတို့က ထောက်ပံ့ပေးအပ်ရာ ကလေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးသန့်နှင့်ဘေးသင့်အိမ်ထောင်စုမှ ဒေါ်တင်မာတို့က လက်ခံရယူခဲ့ကြကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)