ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင် ရန် လုပ်ငန်းညှိနှိုင်း ဆွးနွေး

ဗန်းမောက် ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ကိုဗစ်-၁၉ ကာလ အတွင်း ဒေသခံ ပြည်သူများအတွက် စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိသားစုများ ဝင်‌ငွေလျော့နည်း လားမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများအတွက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာနခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရရသည်။

အဆိုပါအခမ်းအနာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦသန်းဇော်ဌေးက အမှာစကား ပြောကြားရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွား ထိခိုက်မှုများ ဖြစ်ပေါ်နေပြီး လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်သူနေများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ရန် အရင်းအနီးများလိုအပ်မှုများကို ပြန်လည်ကုစာနိုင်ရေးအတွက် ကျေးရွာမတည် ရန်ပုံ‌ေငွစီမံကိန်းကို နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗန်းမောက်မြို့နယ်အနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို အိမ်ခြေ (၁၀၀) အထက်ရှိသည့် အင်းပေါက်၊ ပင်းခါး၊ နောင်မလင်း၊ ကနန်းလိပ်စော၊ ဟဲချိန်ကျေးရွာများအား ကျေးရွာ မတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)၊ အိမ်ခြေ (၅၀ နှင့် ၁၀၀) ကြားရှိသည့် နန့်ပုံနှင့် ညောင်ကိုင်းကျေးရွာမတည်ငွေ ကျပ်သိန်း(၂၀၀)၊ အိမ်ခြေ(၅၀) အောက်ရှိသည့် နားမလင်နှင့် ဆည်ဦးကျေးရွာတို့ကို မတည်ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ထုတ်ချေးပေးသွားမည်ကြောင်းနှင့် အတိုးနှုန်းမှာ (၅၀)ပြား၊ ၁၀ နှစ်ဆပ်ဖြစ်ပြီး အတိုးရငွေများကိုလည်း  ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပြန်လည်အသုံးချသွားမည်ဖြစ်၍ ဒေသခံပြည်သူများ ဝမ်းသာနေကြကြောင်း၊ ဒေသခံပြည်သူများ လုပ်ငန်းဆောင်ရာရွက်တွင် မွေးမြူရေး၊ အရောင်အဝယ်၊ အသက်မွေးဝမ်းကျောင်းပညာ၊ စိုက်ပျိုးရေး အစရှိသည့် လုပ်ငန်းများအား ဆောင်ရွက်သွား မည်ဖြးစ်ကြောင်း  မြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်က  ပြောကြားခဲ့သည်။

ကျော်စွာ(ဗန်းမာက်)