ထီးချိုင့်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေး

ထီးချိုင့် ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် အညီ အစီအမံများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ထီးချိုင့်မြို့ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာ‌‌ရေး ဦးစီးဌာနတို့မှ ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းချ စားသောက်ခွင့်ပြုနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိရန် အချက်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များတွင် ပြင်ဆင်ထားရှိရန် အချက်များနှင့်အညီ လိုက်နာဆောင်ရွက်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စားသောက်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြန်လည်ဖွင့် လှစ်ရောင်း ချရာတွင် အပူချိန်တိုင်းခြင်း၊ လက်ဆေးရန်၊ လေအေးပေးစက်ရှိက ပြတင်းပေါက်များဖွင့်ထားရန်၊ သတ္ထု၊ မှန်၊ သစ်သားပြားဖြင့်ကန့်ထားရန်၊ (၅)ဦးထက်မပိုသောမိသားစုဖြစ်ပါက စားပွဲစီစဉ်ပေးရန်၊ တစ်ခါသုံး (သို့)မဟုတ် ပိုးသတ်ထားသောပန်းကန်ဇွန်းများသုံးရန်၊ အစားအသောက်စာရင်းများကိုချိတ်ဆွဲထားရန်၊ ကိုဗစ်-၁၉ ပညာပေးဗီနိုင်းများချိတ်ဆွဲထားရန်၊ ငွေရှင်းကောင်တာရှေ့မှန်ကာထားရန်၊ Hand-Gelထားရှိရန်၊ သန့်စင်ခန်း၌ ရေဆေးဆပ်ပြာထားရရန်စသည့်  ဆိုင်ရှင်၊ ဝန်ထမ်း၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအပေါ် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အမှုဆောင်အရာရှိ ဦးခိုင်လွင်သန့်က ပြောကြားသည်။

ထိုစစ်ဆေးရေးအဖွဲ့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးအေးနှင့်အဖွဲ့ဝင်များ၊  မြို့နယ်စည်ပင် သာယာရေး ကအမှုဆောင်အရာရှိ ဦးခိုင်လွင်သန့်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဒေါ်ဖြူဖြူသီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း ထီးချိုင့်