ဒဂုံတံတားမှ သီလဝါစက်မှုဇုန်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ အတွက်  လျော်ကြေးငွေများ သန်လျင်၌ ပေးအပ်

သန်လျင် ဩဂုတ်  ၁၂

ရန်ကုန်တောင်ပိုင်းခရိုင်၊  သန်လျင်မြို့နယ်-ဒဂုံတံတားမှ သိလဝါစက်မှုဇုန်သို့ဆက်သွယ်သည့်     လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲကို ယမန်နေ့ နံနက်   (၁၀)နာရီတွင်  သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပသည်၊၊

ရှေးဦးစွာ သန်လျင်မြို့နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် နှင့် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းတို့က အမှာစကားများ ပြောကြားကြပြီး  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန (ရန်ကုန်တောင်ပိုင်းခရိုင်)က ဒဂုံတံတားမှ သီလဝါစက်မှုဇုန်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ အတွက်   လျော်ကြေးငွေများကို တောင်သူများသို့ ပေးအပ်ကြသည်၊၊

ဒဂုံတံတားမှ သီလဝါ စက်မှုဇုန်ဆက်သွယ်သည့်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော  သန်လျင် မြို့နယ် သနပ္ပင် ကျေးရွာ၊ ဘယက်ကျေးရွာနှင့် လက်ယက်စမ်းကျေးရွာတို့မှ တောင်သူ(၅၆) ဦး၏ လယ်မြေ(၁၅၄.၅၀) ဧကအတွက် တစ်ဧကလျှင် ကျပ်သန်း(၁၀၀)ဖြင့် လျော်ကြေး ငွေကျပ်သိန်း(၁၅၄၅၀)ကို လမ်းဦးစီးဌာန၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေး နှစ် ရန်ပုံငွေ မှ ပေးအပ်ခဲ့ကြောင်း သိရသည်၊၊

သန်းဝင်း(သန်လျင်)