မိုးညိုမြို့ ဝေဇယန္တာပရိယတ္တိစာသင်တိုက်တွင် ညောင်ရေသွန်းပွဲတော်နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်း

မိုးညို  မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာ‌၀တီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ ဝေဇယန္တာ ပရိယတ္တိ စာသင်တိုက်တွင် ဝေဇယန္တာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်အား အမှူးထား၍ ကျောင်းအကျိုးတော်ဆောင်များနှင့် အလှူရှင်များက ယမန်နေ့ညနေပိုင်းတွင် ညောင်ရေသွန်းပွဲတော် နှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။

ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ရာတွင် ရပ်ကွက်/ကျေးရွာများမှ ညောင်ရေသွန်းပွဲတော် လာရောက်သူများက ဝေဇယန္တာပရိယတ္တိ စာသင်တိုက်အတွင်းရှိ ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေ သွန်းလောင်းခြင်း၊ ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်းနှင့် ကဆုန် ညောင်ရေသွန်းပွဲတော်သို့ လာရောက်သူများအား စတုဒီသာများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)