ငါးသိုင်းချောင်း၊ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်ကျောင်း အပ်နှံရေးသီတင်းပတ်ကို မေလ ၂၄ ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ အထက ငါးသိုင်းချောင်းကျောင်းရှိ သက်ဆိုင်ရာအတန်း အသီးသီးတွင် ကျောင်းသား မိဘများ၊ကျောင်းသားကျောင်းသူများ လာရောက်ကျောင်းအပ်နှံခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ကျောင်းအပ်နှံရာတွင် အခကြေးငွေကောက်ခံခြင်းမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask၊ Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ကျောင်းအပ်နှံခြင်းနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ခြင်းအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များ၊ လုံခြုံရေး အစီအစဉ်များဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့၌ စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)