မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့) သံဃာ အပါး(၁၀၀၀) ဆွမ်း၊ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း အခမ်းအနားကျင်းပ

မန္တလေး  မေ  ၂၆ 

ဗုဒ္ဓမြတ်စွာဘုရားရှင်အမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား သံဃာ့ဂုဏ်ကို အာရုံပြု၍ ဘေးရန်ခပ်သိမ်းကင်းငြိမ်းစေရန် ရည်စိတ်သန်လျက် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှကြီးမှူးပြုလုပ်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) သံဃာအပါး (၁၀၀၀) ဆွမ်း၊ သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုခြင်းအခမ်းအနားကို ယနေ့နံနက် ၆နာရီက မဟာအောင်မြေမြို့နယ် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်ရှိ ရတနာပုံခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်အမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား သံဃာ့ဂုဏ်ကို အာရုံပြု၍ ဘေးရန်ခပ်သိမ်းကင်းငြိမ်းစေရန် ရည်စိတ်သန်လျက် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှကြီးမှူးပြုလုပ်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) သံဃာအပါး (၁၀၀၀) ဆွမ်း၊ သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုခြင်းအခမ်းအနားကို ယနေ့နံနက် ၆နာရီက မဟာအောင်မြေမြို့နယ် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်ရှိ ရတနာပုံခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အစီအစဉ်အရ မြတ်စွာဘုရားအမှူးပြုသော ကြွရောက်တော်မူလာကြသည့် သံဃာတော်များမှ ရတနာပုံခန်းမကြီးအတွင်း ကျောင်းတိုက်အလိုက် ကြွရောက်သီတင်းသုံးတော်မူကြပြီးနောက် သံဃာတော် အပါး၁၀၀၀တို့အား တက်ရောက်လာကြသော ဆွမ်း၊ သင်္ကန်း၊ ဝတ္ထုငွေ အလှူရှင် ဒါယကာ၊ ဒါယိကာမတို့က ရှိခိုးကန်တော့ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးမောင်ကိုက လှူဒါန်းရခြင်းအကြောင်းရင်းနှင့် သာသနာရေးဆိုင်ရာများလျှောက်ထားရာတွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော သာသနာတော်(၃)ရပ်အနက် ပရိယတ္တိသာသနာတော်သည် ကန်ဘောင်ရိုးနှင့်တူကြောင်း၊ ပရိပတ္တိသာသနာတော်သည် ကန်ဘောင်အတွင်းရှိ ရေနှင့်တူကြောင်း၊ ပဋိဝေဓသာသနာတော်သည် ရေကန်အတွင်း၌ ပွင့်လန်းနေသောကြာပန်းနှင့်တူကြောင်း၊ ကန်ဘောင်ရိုးခိုင်ခံ့မှသာလျှင် ရေများတည်ရှိနိုင်မည်ဖြစ်ပြီး ရေတည်ရှိမှသာလျှင် ကြာပန်းများ လန်းဆန်းစွာပွင့်နိုင်မည်ဖြစ်ပါကြောင်း၊ သာသနာတော်(၃) ရပ်တွင် ပရိယတ္တိသာသနာသည် အခြေခံပဓာနဖြစ်သည့်အတွက် ဗုဒ္ဓအဆုံးအမကိုခံယူရာ သံဃာ့ဂုဏ်ကိုအာရုံပြု၍ တပည့်တော်တို့ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ မန္တလေးမြို့လေးပြင်လေးရပ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ သံဃာတော်အရှင်သူမြတ်အပါး (၁၀၀၀) တို့အားပင့်ဖိတ်၍  ဆွမ်း၊ သင်္ကန်း၊ နဝကမ္မဝတ္ထုငွေ တို့ကို လောင်းလှူရသည့်အတွက် အလွန်ဝမ်းသာ ပီတိဖြစ်ရပါကြောင်း၊  စာသင်သားသံဃာတော်များအနေဖြင့် မကြာမီကျင်းပမည့် သက်ဆိုင်ရာစာမေးပွဲ အသီးသီးကို အောင်မြင်စွာဖြေဆိုနိုင်၍ ပရိယတ္တိဂုဏ်ဆောင်နိုင်ကြကာ သာသနာ့တာဝန်ကို ဆထက်ထမ်းပိုးရွက်ဆောင်နိုင်ကြပြီး ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး နေလို လလို ထွန်းလင်းတောက်ပပါစေကြောင်း ဆုမွန်ကောင်းတောင်း လျှောက်ထားခဲ့သည်။ 

ဆက်လက်၍ ကြွရောက်တော်မူကြသည့် ဆရာတော် သံဃာတော် ၁၀၀၀ ပါးတို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရတနာပုံခန်းမကြီးအတွင်း ညီညာဖျဖျ ရွတ်ဖတ်သရဇျာယ်တော်မူကြသည်။ 

၎င်းနောက် ကြွရောက်တော်မူလာကြသည့် ပရိယတ္တိစာသင်တိုက်ကြီးများနှင့် ပင့်သံဃာကျောင်းတိုက်တို့မှ ပင့်သံဃာတော်များ၊ ရဟန်းသာမဏေများအား ရတနာပုံခန်းမကြီးမျက်နှာစာရှေ့သို့ တစ်ပါးချင်း ပင့်ဖိတ်၍ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့်ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဒေါ်ရွှေဥ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်ဇနီး ဒေါ်ထားထားဦး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက  နံနက် ၆နာရီခွဲ မှ နံနက် ၈နာရီအထိ ဆွမ်း၊ သင်္ကန်း၊ နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများကို ရတနာပုံခန်းမကြီးမျက်နှာစာရှေ့တွင် ဆရာတော် သံဃာတော်များ၊ ရဟန်းသာမဏေစုစုပေါင်း (၁၀၀၀)ပါးအား ဆွမ်း၊ သင်္ကန်း၊ နဝကမ္မဝတ္ထုငွေ များနှင့် လှူဘွယ်ပစ္စည်းများ လောင်းလှူဆက်ကပ်ခဲ့ကြသည်။ 

ယနေ့ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးပြုလုပ်သည့် ကဆုန်   လပြည့်(ဗုဒ္ဓနေ့) သံဃာအပါး (၁၀၀၀) ဆွမ်း၊ သင်္ကန်းဆက်ကပ် လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုခြင်းအခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ သင်္ကန်း  (၁၀၀၀) စုံအတွက် တန်ဖိုးငွေကျပ် (၁၀၀၅၀၀၀၀) နဝကမ္မဝတ္ထုငွေ ကျပ် (၂၀၀) သိန်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများမှ နဝကမ္မဝတ္ထုငွေ ကျပ် (၂၃၂) သိန်း၊ လှူဘွယ်ပစ္စည်းတန်ဖိုးငွေကျပ် (၇၀) သိန်း စုစုပေါင်း ငွေကျပ် (  ၆၀၂၅၀၀၀၀ ) တန်ဖိုးရှိ လှူဘွယ်ပစ္စည်းအရပ်ရပ်ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။  

တိုင်းဒေသကြီး( ပြန်/ဆက်)