ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာတွင် EM ဘိုတာရှီမြေဆွေးပုံ ပြုလုပ်ခြင်း ကွင်းဆင်းသရုပ်ပြသပွဲ အခမ်းအနားပြုလုပ်

ရှမ်းရွာသစ်    မေ   ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စိုက်ပျိုးရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိရန်နှင့် သဘာဝမြေဩဇာပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် မဲသမူးကျေးရွာ၌ EM ဘိုတာရှီမြေဆွေးပုံ ပြုလုပ်ခြင်း ကွင်းဆင်းသရုပ်ပြသပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်နှင့် ဝန်ထမ်းများတို့က မိမိတို့ နေအိမ်ခြံဝင်းအတွင်းတွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပါက ငွေကုန်ကြေးကျ သက်သာမည့်အပြင် မိသားစုအပိုဝင်ငွေများ ရရှိသည့်အတွက် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ မိမိတို့စိုက်ပျိုးရေးဦးစီးဌာနသည် တောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး အသိပညာ ဗဟုသုတ ရရှိစေရန် စိုက်ပျိုးရေးနည်းပညာများ စဉ်ဆက်မပြတ် ကွင်းဆင်းပညာပေး လျက်ရှိ‌ကြောင်း စသည် ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မဲသမူးကျေးရွာအုပ်စုရှိ တက်ရောက်လာသော တောင်သူများတို့ကို ဒိုချက်ကင်သဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲနည်းနှင့် အကျိုးကျေးဇူးများအကြောင်း၊ မြေတွင်းအာဟာရဓာတ်များ အကြောင်းတို့ကို လက်တွေ့သရုပ်ပြရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)