ငဖဲမြို့၌ ၂၂ ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

 

ငဖဲ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကဆုန်လပြည့်နေ့တိုင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ကဆုန်လပြည့်နေ့ ညနေ ၄ နာရီ အချိန်က ၂၂ ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ငဖဲမြို့ မြို့မရပ်ကွက်ရှိ မြို့မမင်္ဂလာကျောင်းမှ စတင်၍ မြို့လယ်လမ်းမ တစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၂)ကျောင်းမှ သံဃာတော် အပါး (၁၃၀) ကျော် ကြွရောက်တော်မူပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ မြို့ပေါ်ရပ် ကွက်နှင့် ကျေးရွာများမှ ပြည်သူများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ၀တ္ထူငွေများကို စေတနာသဒ္ဒါ တရား ထက်သန်စွာ လောင်းလှူခဲ့ကြပြီး မြို့မရပ်ကွက်ဓါတ်တော်ဓမ္မာရုံတွင် လှူဒါန်းမှုအစုစုတို့အတွက် တရားနာယူပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။ မယု(ငဖဲ)