မြင်းမူ မေ ၂၆
နှစ်စဉ်မပျက် ကျင်းပလျက်ရှိသည့် ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ရှိ ရှင်ပင်ရွှေစောလူး မြတ်စွာဘုရားတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ညောင်ရေသွန်းပွဲတော်များကို သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပကြသလို ကျွန်တော်တို့မြို့မှာရှိတဲ့ မြတ်ဗုဒ္ဓ ရဲ့ ဓါတ်တော်မွေတော်တွေကို သာသနာပြု ခဲ့သည့်စေတီပေါင်း (၈၄၀၀၀) မှာ တစ်ဆူအပါဝင်ဖြစ်သည့် ရှင်ပင် ရွှေစောလူးမြတ်စွာဘုရားမှာ ကျွန်တော်တို့ဌာနဆိုင်ရာ အသီးသီးအပါအဝင် မြို့ပေါ်ရပ်ကွက် အသီးသီးမှာ ရှိတဲ့ ဝတ်အသင်းအဖွဲ့များနဲ့အတူ ယခုလို မဟာဗောဓိပင်အား ရေသပ္ပယ်ခြင်း၊ ဓမ္မစကြာတရားများ ရွတ်ဖတ် ပူဇော်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ထံမှ သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)