ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံပေးခဲ့

ကျောင်းကုန်း မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌‌ ကျောင်းကုန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် ၈ နာရီ အချိန်မှစတင်ကာ ကျောင်းအပ်လက်ခံပေးခြင်းများ ဆောင်ရွက်‌လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံရာတွင် ကျောင်းသားမိဘများကို ငွေကြေးကောက်ခံခြင်းမရှိဘဲ၊ ကျောင်းသား ကျောင်းသူများ အတွက် Mask ၊ Face shield ၊ ကျောင်းသုံး ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ စသည်တို့ကို ကျောင်းဖွင့်သည့်နေ့တွင် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ နေ့စဉ် နံနက် ၈ နာရီ မှ မွန်းလွဲ ၂ နာရီထိ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလို ကျောင်းအပ်လက်ခံပေးနေသည့် အခြေခံပညာကျောင်းများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊‌ ကျောင်းအကျိုးဆောင်များ ပူးပေါင်း၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)