မိုင်းပျဉ်းမြို့၌ အမျိုးသမီးကော်မတီ အစည်းအဝေး‌ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အမျိုးသမီးကော်မတီ အစည်းအဝေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က အဖွင့်အမှာစကား‌ပြောကြားသည်။ ဆက်လက်၍ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမျိုးသမီးရေးရာနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးဇော်အောင်က အမျိုးသမီးရေးရာနှင့်စပ်လျဉ်းသောဥပဒေများအကြောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းခမ်းဆွေက အမျိုးသမီးရေးရာလုပ်ငန်းများအကြောင်းတို့ကိုဆွေးနွေးကြပြီး၊ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးမေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး၊ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ စုံလင်စွာတက်ရောက်ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)