မော်လမြိုင်မြို့၌ ရက်(၁၀၀)အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် U ID ကတ်များပေးအပ်

မော်လမြိုင် ဇွန် ၉

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များကို ဇွန်လ ၈ ရက်နေ့တွင် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ခိုင်ဆွေက နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာကိစ္စရပ်များကို ပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေး ကတ်အသစ် ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ် ၁၈၀ ကတ်နှင့် UID ကတ်များကိုတာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)