မြောက်ဥက္ကလာပမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြောက်ဥက္ကလာပ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်၍ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် အဖွဲ့များခွဲ၍ စုံရက်၊ မရက်များအလိုက် စက်သုံးဆီဆိုင်များတွင် သတ်မှတ်ပုံစံဖြင့် စနစ်တကျစက်သုံးဆီရောင်းချမှုရှိမရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြောက်ဥက္ကလာပမြို့နယ်မှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ခေမာသီလမ်းမပေါ်ရှိ DENKO စက်သုံးဆီဆိုင်မန်နေဂျာ ဦးတင့်နှင့်တွေ့ဆုံပြီး စက်သုံးဆီများ စနစ်တကျရောင်းချခြင်း ရှိ/မရှိ၊ ယာဉ်များစနစ်တကျတန်းစီခြင်း ရှိမရှိ၊ ဆီပုံးပေပါများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ ယာဉ်ကြောပိတ်ဆို့မှု ရှိ/မရှိစစ်ဆေးခဲ့ရာ ဆီများစနစ်တကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)