အင်းစိန် မေ ၃၁
ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ်၊ နယုန်လပြည့် မဟာသမယအခါအတော်နေ့ လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်တွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော် တောင်ဘက်ဧည့်ခံတန်ဆောင်းတွင် ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်မှ စတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည့်လည်ပူဇော်ပွဲကို ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် စေတီတော်အထက်ပစ္စယံသို့ လက်ယာရစ် တစ်ပတ်လှည့်လည်ဖူးမြော်ကာ ပတ္တမြားမျက်ရှင် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)