ကျွန်းလှမြို့နယ်၌  ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကျွန်းလှ မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ရွာသီကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့်အဖွဲ့ဝင်များက အမှာစကားပြောကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာများက အသက်(၁၀)နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရေး၊ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးစရိတ်ထုတ်ချေးရေး၊ လယ်ယာမြေများအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ တိရိစ္ဆာန်များ ကာကွယ်ဆေးထိုးနှံရေး၊ VDP စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရှင်းလင်း‌ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)