လက်ပံတန်း မေ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ပိုက်ဆံလျှော်ကြဲပက်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ချမ်းသာကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၁၇၀ B ရှိ တောင်သူ ဦးချစ်ဝင်း၏ လယ်မြေ ၅ ဧကကွင်းတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် တာဝန်ရှိသူများက တောင်သူလယ်သမားများနှင့်စုပေါင်း၍ မျိုးစေ့များကြဲပက်စိုက်ပျိုးပေးခဲ့ကြသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)သည် မြေနေရာမရွေး စိုက်ပျိုးဖြစ်ထွန်းပြီး မြေတွင်းအာဟာရဓာတ်ကြွယ်ဝစေ၍ မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်စေခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုလျော့နည်း၍ ကုန်ကျစရိတ်သက်သာခြင်းနှင့် လျှော်အဖြစ်အသုံးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)