မကွေး မေ ၂၄
၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့" အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူ တာပန်ချီပြိုင်ပွဲများ ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ အမှတ် (၄) အခြေခံပညာအထက် တန်းကျောင်းတွင်လည်းကောင်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ် (မကွေး) ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ ပြိုင်ပွဲကျင်းပနေမှုကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ သတ်မှတ်စာစစ်ဌာနခန်းမများအလိုက် ကျောင်းသား၊ ကျောင်းသူများက (၂၈) ကြိမ်မြောက် "အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့" အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း ၊ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲတွင် စိတ်အေးချမ်းသာစွာပါဝင်ယှဉ်ပြိုင်ဖြေဆိုနေမှုနှင့် မွန်းလွဲပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မကွေး) ၌ ကွန်ပျူတာပန်းချီပြိုင်ပွဲဝင်ရောက်ဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ (၂၈) ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်နှင့် မင်းဘူးခရိုင်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား /ကျောင်းသူ (၂၉၃) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂၆ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)