စမ်းချောင်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ပဒုမ္မာအားကစားကွင်း၌ Football For School Program ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား တာ၀န်ရှိသူများက ယမန်နေ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း Pilot Project အစီအစဉ်ဖြင့် Football For School Program ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားပေးမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကာမှူး ဒေါ်ဖြိုးပိုပိုထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘဝင်း၊ မြို့နယ်စည်ပင်၊ မြို့နယ်အားကစားမှူးတို့က တက်ရောက်အားပေးခဲ့ပြီး အားဖြည့်အချိုရည်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)