ကျောက်တန်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ မြေကွက်အမှတ်(၅၀)ရှိ မာလာမြိုင်ဓာတ်မြေဩဇာလုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ သီလဝါပြည်တွင်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ မြေကွက်အမှတ်(၅၀)ရှိ မာလာမြိုင်ဓာတ်မြေဩဇာလုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကောင်းမြတ်နောင် ဦးဆောင်သောအဖွဲ့မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုရှိ/မရှိအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)