ဒိုက်ဦးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားကျင်းပ

ဒိုက်ဦး မေ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ မွေးမြူရေးလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းရှင်များထံသို့ ချေးငွေထုတ်ချေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် ချေးငွေရယူသူလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စာချုပ်ပါ စည်းကမ်းချက် များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင် ၁၇ ဦးတို့အား စုစုပေါင်းသိန်း ၁၄၃၅ ကျပ်နှင့် (MSMES)လုပ်ငန်းရှင် ၃ ဦးတို့အား စုစုပေါင်းသိန်း ၃၅၀ ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)