စစ်ကိုင်း မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ ဓာတ်ပေါင်းစေတီဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ရက် ၁၀၀ (လမင်း) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးထုတ်ပေးခြင်းကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးလေးမောင်နှင့် ဝန်ထမ်းများက ရွာထောင်ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသော ပြည်သူ ၇၀ ဦးနှင့် အိမ်ထောင်စု ၁၀ စုအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရက်၁၀၀(လမင်း)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးငြိမ်းစံ (ပြန်/ဆက်)