ကျိုင်းတုံမြို့၌ Football For School Program အားကစားသင်တန်းများဆင်းပွဲကျင်းပ

ကျိုင်းတုံ မေ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် Football For School Program အရ အားကစားသင်တန်းများဆင်းပွဲကို မေ ၂၂ ရက်က ကျိုင်းတုံခရိုင်အားကစားကွင်းတွင် ကျင်းပသည်။

Football For School Program အရ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင် တင်းနစ်နှင့် အေရိုဗစ်အားကစားသင်တန်းများတွင် ကျိုင်းတုံမြို့နယ်မှ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံအားကစားဝါသနာရှင်လူငယ် စုစုပေါင်း ၂၉၀ ဦး တက်ရောက်ခဲ့ပြီး မေ ၄ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်ခဲ့သည်။

ထို့အပြင်ဘသင်တန်းကာလအတွင်း အမျိုးသားဖူဆယ်ပြိုင်ပွဲ၊ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီးစားပွဲတင် တင်းနစ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူ၊ မြို့နယ်အားကစားမှူး ဦးစိုင်းသိန်းထွန်းနှင့်တာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များနှင့် အားကစားပြိုင်ပွဲများတွင် အသင်းများနှင့် နေရာအလိုက် အကောင်းဆုရရှိကြသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)