ဝေါ မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မိုးစပါးစိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သပြေကန်ကျေးရွာအုပ်စုနှင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးဘေးဝဲယာတွင် စိုက်ပျိုးထားသည့် လယ်ယာမြေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်တာဝန်ရှိသူများသည် စိုက်ပျိုးထားသည့်စပါးခင်းများစနစ်တကျရှိစေရေး၊ ဖြစ်ထွန်းအောင်မြင်စေရေး၊ ကြဲပက်စိုက်ပျိုးခြင်းများမရှိစေဘဲ အတန်းလိုက်စိုက်ပျိုးခြင်းများ၊ စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)