ပေါင်းတည် မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဟောင်းများကို လစဉ်ပုံမှန်ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ မေ ၂၁ ရက်က ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းချစ် ဦးဆောင်ကြီးကြပ်၍ လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ရောက်ရှိလာကြသော အငြိမ်းစားဝန်ထမ်းဟောင်းများအား ကျန်းမာရေးအခြေအနေနှင့် ရောဂါအခြေအနေများ စမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးထိုးနှံခြင်း၊ လမ်းညွှန်ပေးခြင်းများဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်နေမှုများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအသင်းအဖွဲ့တို့က လာရောက်ကူညီပံ့ပိုးခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)