မိုင်းရှူး မေ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမတွင် ကျင်းပသည်။
အဆိုပါသင်တန်းကို မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁) ကျောင်းတို့မှ Grade – 6 တွင် ပထဝီဝင်ဘာသာရပ်နှင့် သမိုင်းဘာသာရပ်သင်ကြားသော ဆရာ၊ ဆရာမ (၂၇) ဦးတက်ရောက်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဒေါ်သက်ချို၏ကြီးကြပ်မှုနှင့်အတူ သင်တန်းနည်းပြ (၃) ဦးက မေလ ၂၂ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ (၅) ရက် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရှူး (ပြန်/ဆက်)