မိုင်းရှူး မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မိုင်းရှူးခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၂၂ ရက် နံနက် (၁၀)နာရီက အမှတ်(၂)ရပ်ကွက်၊ပတ္တမြားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းခမ်းနွဲ့က မိုင်းရှူးခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာာရေးနှစ်၊ စီမံကိန်းလျာထားချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မိုင်းရှူးခရိုင်၏၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာမြို့နယ်များသို့ တာဝန်ပေးအပ်ခဲ့သည်။ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က မိုင်းရှူးမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား သက်ဆိုင်ရာဌာနများသို့ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူး (ပြန်/ဆက်)