ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကျင်းပ

ဒဂုံအရှေ့  မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို မေ ၂၂ ရက် နံနက်ပိုင်းက အမှတ်(၁၁၀)ရပ်ကွက်၊ ရိပ်မွန်ဓမ္မာရုံ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြိုန့ယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက ပြည်သူ့စကားဝိုင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်းကိုဆွေးနွေးကြရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်၊ ဒဂုံမြို့သစ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်တို့က ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်စေသောအကြောင်းအရာများ၊ ရာသီဥတုပြောင်းလဲမှုမှတစ်ဆင့် ရေရှားပါးမှုအပါအဝင်ပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာသက်ရောက်မှုများ၊ ပြည်သူများအနေဖြင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် လိုက်လျောညီထွေမှုရှိစေရေး အတွက် ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အချက်များ၊ အပူလွန်ကဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အချက်များကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ရပ်ကွက်နေပြည်သူများက မေးမြန်းခဲ့ကြရာ ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ