ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရ၏ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းနေအရွယ်ကလေးများအတွက် ပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်း သင်တန်း ဖွင့်လှစ်

ဒက္ခိဏ မေ ၂၃

ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းနေအရွယ်ကလေးများအတွက် ပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပါတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုးက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်အကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြပြီး ကျောင်းနေအရွယ်ကလေးများ၏ အမြင်အာရုံလျှို့ယွင်းချက်ရှိ/မရှိ စစ်ဆေးပေးခြင်းဖြစ်သည့်အတွက် ကလေးများ၏ပညာရေးတိုးတက်မှု၊ လူမှုရေးနှင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုပေးနိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)