ဇေယျာသီရိ မေ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ် ပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များအားဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်လူငယ်ဆိုင်ရာစွမ်းရည် မြင့်မားရေးပြိုင်ပွဲများကို မေ ၂၂ ရက် နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြပွဲများ၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ကလေးငယ်များအား ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆုများချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)