ပန်းတောင်း မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)တွင် တာဝန်ထမ်းဆောင်ပြီး မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိလာသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို မေ ၂၂ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်းကာလ (၂) နှစ်ပြီးဆုံး၍ ပြန်လာကြသူ (၂၈) ဦးအား မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် မိဘပြည်သူများက အောင်သပြေပန်းများ၊ ပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် ပန်းတောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူရ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးသန်းဇော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးခင်အောင်ဝင်းတို့မှ ဂုဏ်ပြုအမှာစကားများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
လပြည့်လင်း(ပြန်/ဆက်)