အင်္ဂပူမြို့နယ် ပေါ်တော်မူကျေးရွာ၌ တွင်းနက်ဆက်စပ်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက် 

အင်္ဂပူ မေ  ၂၃

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အင်္ဂပူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  အင်္ဂပူမြို့နယ်ဘုရားငုတ္တိကျေးရွာအုပ်စု ပေါ်တော်မူကျေးရွာ၌ ၂၀၂၆-၂၀၂၇ ခုနှစ်ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသောသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် တွင်းနက်ဆက်စပ်တူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်ဦးဆောင်မှုဖြင့် ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်၍ ကျေးရွာရေကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဖြစ်သဖြင့် တန်ဖိုးထားရန်၊ စနစ်တကျအကျိုးရှိစွာအသုံးပြုရန်နှင့်လည်ပတ်ပြုပြင်ထိန်းသိမ်းခြင်းများအား ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး ပြည်သူများမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ တွင်းနက်ဆက်စပ်လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးလက်နေအိမ်ထောင်စု(၄၄)စု၊ အိမ်ခြေ(၄၅)အိမ်၊ လူဦးရေ(၁၆၀)၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အထောက်အကူပြုသည့် သန့်ရှင်းသောသောက်သုံးရေ ရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)