ညောင်တုန်း မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး ဘာသာရပ်ဆိုင်ရာ (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲကို မေ ၂၂ ရက် နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အမှာစကားပြောကြား၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟက မြို့နယ်အတွင်း ပညာရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် ခြေအနေများကို ပြောကြားပြီး သင်တန်းအား သင်တန်းနည်းပြများက ဘာသာရပ်များအလိုက် သင်ကြားပို့ချသည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြ (၅)ဦးမှသင်တန်းသား/သူ (၆၂) ဦးအား သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)