မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

မူဆယ် မေ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြန်မာ-တရုတ် ကလေးငယ်များ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပန်းချီပြိုင်ပွဲကို အထက(၂)၊ စံပယ်ဆောင်၌ မေ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအဖြစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြန်မာ-တရုတ် ကလေးငယ်များ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပန်းချီပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး၊ ပြိုင်ပွဲဝင် ကလေးများအနေဖြင့် အသက် ၆ နှစ်မှ ၁၂ နှစ်အကြားရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ ၆၉ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲ ကျင်းပသည့်နေရာသို့ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းမင်းနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးများက သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်