တပ်ကုန်းမြို့၌ လူထုကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကျင်းပ

တပ်ကုန်း မေ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် လူထု ကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကို မေ ၂၂ရက် နံနက်ပိုင်းက အဆိုပါဆေးရုံ၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းက လူတိုင်းသက်တမ်းစေ့အသက်ရှည်နေထိုင်နိုင်ရေး၊ ရောဂါဘယကင်းဝေးရေး၊ ကျေးလက် ဒေသပြည်သူများ ကျန်းမာရေးအသိပညာပေးရေး၊ ရောဂါကာကွယ်နှိမ်နင်းရေး၊ ရောဂါဖြစ်ပွား လာပါက ထိရောက်သောကုသမှုပေးရေး၊ စေတနာ့ဝန်ထမ်းများ သင်တန်းပေးမွေးထုတ်ရခြင်းနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွေးထုတ်ခြင်းဖြစ်ပါကြောင်း၊ လူထုကျန်းမာရေးလုပ်သားများ၏ တာဝန်ဝတ္တရားများမှာ ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာအောင် စည်းရုံးဆောင်ရွက်ခြင်း၊ ကူးစက်/မကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ကျန်းမာရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်ကုသရေးတွင် ကူညီဆောင်ရွက်ရေး၊ လူနာများ ညွှန်းပို့ရေး၊ ကာကွယ်ဆေးထိုးရာတွင် ကူညီရေး၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီရေး၊ ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက်များကောက်ယူရေး၊  ကျန်းမာရေးထူးခြား ဖြစ်စဉ်များ အချိန်မီသတင်းပေးပို့ရေးတို့ကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း ရှင်းလင်းမှာကြားခဲ့ပြီးနောက် ဒေါက်တာဆွေဇင်ဝင်း၊ ဒေါက်တာလှိုင်လှိုင်ဌေး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ တပ်ကုန်း ခုတင်၁၀၀ ပြည်သူ့ဆေးရုံ အုပ် ဒေါက်တာကျော်ဇေယျနှင့်တာဝန်ရှိသူများက လူထုကျန်းမာရေးလုပ်သားသင်တန်းသား ၁၂၁  ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်