ဝေါမြို့နယ်၌ မြေငလျင်နှင့်သဘာဝဘေး အန္တရာယ်အသိပညာပေး‌ ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်‌ရေး ဇာတ်တိုက် သရုပ်ပြ

ဝေါ  မေ 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြေငလျင်နှင့်သဘာဝဘေးအန္တရာယ် အသိပညာပေး‌ ဟောပြောပွဲနှင့်လက်တွေ့မီးငြှိမ်းသတ်‌ရေး ဇာတ်တိုက်သရုပ်ပြခြင်းကို မေ ၂၁ ရက်က အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းက မြေငလျင်လှုပ်ခတ်လျှင် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ သဘာဝဘေးအန္တရယ်ဖြစ်ပေါ်လာလျှင် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသူရိန်က ဂက်စ်အိုးမီးလောင်လျှင် မီးငြှိမ်းသတ်ပုံ၊ ဆီမီးလောင်မှုကို ရေစိုအဝတ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ပုံတို့ကို လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)