ပုံပါကျင်မြို့ နားကောင်းမူးဈေး၌ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်

ပုံပါကျင် မေ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများနှင့်ပတ်သက်သည့် လုပ်ငန်းများအားဆောင်ရွက်ပေးလျက်ရှိပြီး ရက်(၁၀၀)စီမံချက်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ခွဲစည်ပင်သာယာရေးဦးစီးဌာနအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို မေ ၂၂ ရက် နံနက် (၁၁) နာရီက နားကောင်းမူးစျေး၌ ပြုလုပ်သည်။

မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းမင်းမင်း‌ထွေးက မီးလောင်မှုဖြစ်ပွားလာပါက စတင်ဆောင်ရွက်ရမည့် အချက်များ၊ မီးလောင်မှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ပုံနှင့် ကယ်ဆယ်ရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့အသုံးပြု သရုပ်ပြခဲ့ကြောင်းသိရသည်။

အိအိဖြိုး(ပြန်/ဆက်)