တွံတေးမြို့နယ်ရွှေဆံတော်ရပ်ကွက်ရှိ မိသားစု(၃၄၅)စုအား  ကျန်းမာရေးစောင့်ရှောက်မှုကွင်း ဆင်းလေ့လာရေး အစီအစဉ်ဆောင်ရွက်

တွံတေး မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ်တွင် ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ ဒေါက်တာပပစိုး ဦးဆောင်သော ဆေးပညာတတိယနှစ်တန်းမှ ကျောင်းသား/ကျောင်းသူ(၃၄၅)ဦးသည် တွံတေးမြို့နယ်ရွှေဆံတော်ရပ်ကွက်ရှိ မိသားစု(၃၄၅)စုတွင် မိသားစုကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းလေ့လာရေး  အစီအစဉ်ကို မေ ၂၂ ရက် နံနက်၉နာရီက ဆောင်ရွက်ကြောင်းသိရသည်။

ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ  ပါမောက္ခဒေါက်တာပပစိုး ဦးဆောင်၍ ဆေးပညာ တတိယနှစ်တန်းမှကျောင်းသား/ကျောင်းသူ(၃၄၅)ဦးသည် တွံတေးမြို့နယ်ရွှေဆံတော်ရပ်ကွက်ရှိ မိသားစု(၃၄၅)စုကို မိသားစုကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းလေ့လာရေးအစီအစဉ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့်၀န်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှနှင့်ကျန်းမာရေး၀န်ထမ်များ၊ စေတနာ့၀န်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့၀င်များ၊မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊   ဒေသခံများက

ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 မျိုးလှိုင်-တွံတေး