သနပ်ပင်မြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့"မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား ကျင်းပ

သနပ်ပင် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အောက်စုပိုင်းရပ်ကွက်၊ ပညာရေးမှူးရုံးရှေ့တွင် ယမန်နေ့ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာအရ မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့"ဟု ရေးသားထားသည့် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ကေခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းများမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)