ကျိုင်းတုံ မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ လှုံ့ဆော်မြေစိုက်ပိုစတာ စိုက်ထူပွဲကို မေ ၂၁ ရက်က ပြည်နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)၊ မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က (၂) ကျောင်းရှေ့တို့တွင် ပြုလုပ်သည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများက ၂၀၂၆-၂၀၂၇ အညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်မြေစိုက်ပိုစတာများ စိုက်ထူခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)