နတ်တလင်းမြို့နယ်၌ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာ အသိပညာပေး

နတ်တလင်း မေ ၂၂

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ အခွန်ထမ်းပြည်သူများအား အခွန်ပညာပေး ရှင်းလင်း‌ဆွေးနွေးပွဲကို ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ မေ ၂၂ ရက်က ကျင်းပသည်။

အဆိုပါပညာပေးရှင်းလင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်အေးပြည့်မွန်က ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥ‌ပဒေများ၊ အခွန်ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများနှင့် ဒုတိယဦးစီးမှူး ဒေါ်ဝေဝေမြင့်က ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် အပြည့်အဝကပ်နှိပ်စေခြင်းဆိုင်ရာ ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)