မိုင်းယန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် Online လိမ်လည်မှုလုပ်ငန်းများလာရောက်လုပ်ကိုင်မှုမရှိစေရေး  အသိပညာပေး

မိုင်းယန်း   မေ   ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်း သားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာအတွင်း Online လိမ်လည်မှုလုပ်ငန်းများလာရောက်လုပ်ကိုင်မှုမရှိစေရေးအတွက် မေ ၂၂ ရက် နံနက် ၉ နာရီက မိုင်းလွေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမင်းသိန်းက ကျေးရွာအတွင်း Online လိမ်လည်မှု လုပ်ငန်းများလာရောက်လုပ်ကိုင်မှုမရှိစေရေးအတွက်  Online လိမ်လည်မှု လုပ်ငန်းများနှင့်ပတ်သက်၍  အသိပညာပေးရှင်းလင်းဟောပြောသည်။

ထို့နောက် မိုင်းယန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများမှ မိုင်းလွေကျေးရွာ အုပ်စု၊ မိုင်းလွေကျေးရွာ ကြီးကြပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲသို့ တက်ရောက်ကြည့်ရှု၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး