မင်းလှ မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပညာရေးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတတ်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေ ၂၁ ရက် နံနက် ၇ နာရီချိန်က အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းကွေ့၌ ပြုလုပ်သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချိုနှင့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များတို့က ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်အား စိုက်ထူကာအမွှေးနံ့သာရည်များပက်ဖျန်း၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
မင်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၅)ရက်နေ့မှ မေလ (၃၁)နေ့အထိဖြစ်ပြီး၊ အခြေခံပညာကျောင်းပေါင်း(၁၅၅) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေး(၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်းတို့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်စ(မင်းလှ)