ပခုက္ကူတက္ကသိုလ်၌ အခြေခံပညာမူလတန်းပြဆရာဆရာမများ၏ အင်္ဂလိပ်စာအရည်အ‌သွေးတိုးတက်မှုမြှင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ

ပခုက္ကူ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းပြဆရာဆရာမများအင်္ဂလိပ်စာအရည်အသွေးတိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဆင်းပွဲကို မေလ ၂၂ ရက်နံနက် ၁၀ နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ‌ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များ၊ သင်တန်းမှတစ်ဆင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်ပြီး သင်တန်းသား သင်တန်းသူဆရာ ဆရာမများအား လိုက်လံအားပေးစကားပြောကြားကြသည်။

အဆိုပါသင်တန်းတွင် အခြေခံပညာမူလတန်းပြဆရာ ဆရာမ (၁၅၀)ဦးတက်ရောက်သင်ယူကြပြီး  “Communicative Grammar, Developing Communicative Skills, Familarising Teachers With Materials, Classroom language” စသည့် အင်္ဂလိပ်စာဘာသာရပ်()မျိုးကို ပခုက္ကူတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ သင်တန်းနည်းပြများက ၂၀၂၆ ခုနှစ်ဧပြီလ ၂၀ ရက်မှ မေလ ၂၂ ရက်နေ့အထိ သင်တန်းကာလ()လကြာ စနစ်တကျသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)