မောက်မယ် မေ ၂၃
နိုင်ငံတော်၏ လူသားအရင်းအမြစ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာအလယ်တန်းအဆင့်သည် အလွန်အရေးပါသည့်အခန်းကဏ္ဍတွင် ပါရှိသောကြောင့် မြို့နယ်အတွင်းရှိ အလယ်တန်းပြ ဆရာ/ဆရာမများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က အခြေခံပညာအလယ်တန်းအဆင့်များသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါရှိသောကြောင့် သင်ပြနည်းစနစ်ဆိုင်ရာ အလယ်တန်းပြဆရာ/ ဆရာမများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲ သင်တန်းကို ကျင်းပပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိ အဆိုပါ အလယ်တန်းပြ ဆရာဆရာမများနှင့် လက်ထောက်ဆရာ/ ဆရာမများ(၁၆)ဦး တက်ရောက်ပြီး ပြည်နယ်တွင် သင်တန်းတက်ရောက်လာခဲ့သော ဆရာ/ဆရာမ(၃)ဦးက သင်တန်းအားပို့ချမည်ဖြစ်ရာ သင်တန်းကာလမှာ ၂၂-၅-၂၀၂၆ မှ ၂၆-၅-၂၀၂၆ ရက်နေ့အထိ(၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)