သာယာဝတီ မေ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် ရန်ကုန်-ပြည် ကားလမ်းမိုင်တိုင်အမှတ် (၈၀/၆)မှ (၈၀/၇)ကြား သင်တောရိုးအုပ်စု၊ ဂွေးချောင်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးဇော်လင်း၏ လွှတ်ကျောင်းစနစ်ဖြင့် ဥစားဘဲကောင်ရေ (၄၀၀၀)ကျော်အား ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဥစားဘဲများ အကောင်ရေ ထပ်တိုးမွေးမြူရေး မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တောင်သူ ဦးကျော်မင်း စိုက်ကွင်းမှတ်(၁၂၅၀) ဦးပိုင်မှတ် ၅၂ သို့ ရောက်ရှိပြီး ဦးကျော်မင်း စပါးစိုက်ကွင်းအတွင်း သဘာ၀ဓာတ်မြေသြဇာ (EM) ဘိုကာရှီမြေဆွေး ပြုလုပ်မှုအခြေနေများအား ကြည်ရှုပြီး သဘာ၀မြေသြဇာများအား ပိုမိုထုတ်လုပ်နိုင်ရေး မှာကြားပြီး ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်အမှတ် (၈၃/၃)နှင့် (၈၃/၄)ကြား ကျွဲသတ်အုပ်စု၊ ကျွဲသတ်ကျေးရွာရှိ တောင်သူ လယ်သမားသင်တန်းကျောင်းသို့ ပဲရောက်ရှိပြီး (ရိုဘက်စတာ ကော်ဖီ)ပျိုးဥယာဉ်ရှိ ပျိုးပင် (၃၅၀၀၀) ပျိုးထောင်ထားရှိမှုနှင့် တောင်သူများသို့ ဖြန့်ဖြူးမည့် သန့်စင်ထားရှိသော ရေဆင်းပေါ်ဆန်းစပါးမျိုးများ ပြသမှုအားကြည့်ရှုခဲ့ပြီး မိုင်တိုင်အမှတ် (၈၅/၀)နှင့် (၈၅/၁)ကြား ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ဦးတိက္ခရေတံခါး အောက်ပိုင်း ရိုးတူးဖော်ခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ဝတီ (သာယာဝတီ)