တန့်ယန်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

တန့်ယန်း မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၂၂ ရက် နံနက် ၈ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်ကျော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက သင်တန်းနှင့် ပတ်သက်သည်များကို လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းစံထွန်းက သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား လည်းကောင်းရှင်းလင်းပြောကြားကြသည်။

အဆိုပါသင်တန်းသို့ အခြေခံပညာကျောင်းများမှ အလယ်တန်းပြ ဆရာ ဆရာမ စုစုပေါင်း (၄၆)ဦး တက်ရောက်ပြီး နည်းပြဆရာ ဆရာမ ၃ ဦးတို့က မေလ ၂၆ ရက်နေ့အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)