တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်း

တန့်ယန်း မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားဆောင်ရွက်မှုအဖြစ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်ကျော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းစံထွန်းနှင့် တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာအား စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)