တန့်ယန်း မေ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးခြင်း၊ တိရစ္ဆာန်များကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ မေ ၂၂ ရက်နေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ဖြိုးအောင်နှင့် တာဝန်ရှိသူတို့က မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေး ရှင်းလင်းပြောကြားခြင်းနှင့် ကျွဲ၊ နွားများအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပေါင်ပုတ်လက်ပုတ်ရောဂါ ကာကွယ်ဆေးနှင့် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)