မိုးနဲ မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး (မြို့ပေါ်လုံခြုံရေးတာဝန်) မွမ်းမံသင်တန်းဆင်းပွဲကို ယမန်ရက်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂၄၈) ခြေလျင်တပ်ရင်းစားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်ရင် တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီးဉာဏ်ထွန်းဝင်းက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် သင်တန်းသားများအတွက် ထောက်ပံ့ငွေများနှင့် အဖွဲ့မှအနားယူခဲ့ကြသူများအား ချီးမြှင့်ငွေများကို တပ်နယ်မှူးနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)